ချမ်းအေးသာစံ မတ် ၁၇
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ် ၁၁ ရက်နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးနေရာ၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုသည်။
ချမ်းအေးသာစံမြို့နယ်အတွင်း၌ အထက(၅)၊ အထက(၁၂)၊ အထက(၁၄)၊ အထက(၁၆)၊ ဆေးရုံကြီး စာစစ်ဌာနစုစုပေါင်း ငါးခုသတ်မှတ်ထားပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁,၈၉၄ ဦးရှိရာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၁,၈၄၅ ဦး၊ ပျက်ကွက်ကျောင်းသား ၄၉ ဦး၊ ဘောဂဗေဒဘာသာရပ် စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၂၈၁ ဦးရှိရာလာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၆ ဦး၊ ပျက်ကွက်ကျောင်းသား ၂၅ ဦးဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဆေးရုံကြီးစာစစ်ဌာန၌ အောင်မြေသာစံရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးကုသပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် စာဖြေဌာနကို တာဝန်ရှိသူများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)