ဘုတ်ပြင်း မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာနှင့်ဘောဂဗေဒဘာသာကို ယနေ့နံနက်ပိုင်းက အထက(ဘုတ်ပြင်း) စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာပေးပွဲလာရောက်ဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသားကျောင်းသူများအား စာပေးပွဲဖြေဆိုကတ်ပြား မှန်မမှန်စစ်ဆေးခြင်း၊ လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။ ဘုတ်ပြင်းမြို့နယ်အတွင်း အထက(ဘုတ်ပြင်း)စာစစ်ဌာနတွင် ဇီဝဗေဒဘာသာကို စာရင်းရှိဖြေဆိုမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀ ရှိရာ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀ ဖြေဆိုပြီး ၊ဖြေဆိုရာခိုင်နှုန်း(၁၀၀ ရာခိုင်နှုန်း) နှင့် ဘောဂဘာသာကို စာရင်းရှိဖြေဆိုမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၂၁ ဦးရှိရာ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉၆ ဦး ဖြေဆိုပြီး ပျက်ကွက် (၂၅) ဦး ဖြေဆိုရာခိုင်နှုန်း( ၈၈ ဒသမ ၆၉ ရာခိုင်နှုန်း)ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)