မြစ်ကြီးနား မတ် ၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာရပ်များကို မတ် ၁၆ ရက်နေ့ နံနက် ၉ နာရီက စတင်ဖြေဆိုရာ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၄၈၃၂)ဦးက သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် အေးချမ်းတည်ငြိမ်စွာ ဝင်ရောက်ဖြေဆို လျက်ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြစ်ကြီးနားမြို့နယ်တွင် စာစစ်ဌာန(၈)ခုဖြင့် ကျင်းပလျက်ရှိရာ ရူပဗေဒဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ (၄၃၇၁) ဦးရှိသည့်အနက် ဖြေဆိုသူ(၄၂၃၅)ဦး၊ ပျက်ကွက်သူ (၁၃၆) ဦးနှင့် သမိုင်းဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ (၆၃၁) ဦးရှိသည့် အနက် ဝင်ရောက်ဖြေဆိုသူ (၅၉၇)ဦး၊ ပျက်ကွက်သူ (၃၄)ဦး၊ ဝင်ရောက်ဖြေဆိုမည့်စာရင်းရှိ ကျောင်း သား/ ကျောင်းသူစုစုပေါင်း (၅၀၀၂) ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူစုစုပေါင်း (၄၈၃၂)ဦး၊ ပျက်ကွက် သူစုစုပေါင်း (၁၇၀)ဦးရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)