ကော့ကရိတ် မတ် ၁၇
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊နယ်၌ အ.ထ.က-၂ စာစစ်ဌာနတစ်ခုဖြင့်ကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသူ၊ ကျောင်းသား(၁၃၇)ဦးရှိကြောင်း သိရသည်။
အထက-၂စာစစ်ဌာနတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ အထကကျောင်း၊ အထက(ခွဲ) ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၄)ဦးဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ဇီဝဗေဒဘာသာရပ်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၄၉)ဦး၊ ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၈၈)ဦး၊ ပျက်ကွက်သူ ကျောင်းသား၊ ကျောင်းသူ (၇)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၉၅) ရာခိုင်နှုန်းရှိပါကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)