ရှင်ဗွေယန်မြို့၌ တက္ကသိုလ်ဝင်တန်း စတုတ္ထနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့အား ကျောင်းသား/သူများ ဆက်လက်ဖြေဆို

ရှင်ဗွေယန် မတ် ၁၇

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့အား ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ရှိ စာစစ်ဌာနတွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား/ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။

ရှင်ဗွေယန်မြို့ စာစစ်ဌာန၌ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို အခြေခံပညာ အထက်တန်းကျောင်း(ရှင်ဗွေယန်)နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)-တရုံတို့မှ ကျောင်းသား/ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ဖြေဆိုရန်စာရင်းရှိစုစုပေါင်း (၁၅၂)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၁၄၇) ဦး၊ ပျက်ကွက်သူ (၅)ဦးရှိသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်း (၉၆.၇၁) ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း အေးချမ်းစွာဖြေဆိုနိုင်ရန် ရှင်ဗွေယန်မြို့ရှိ သက်‌ဆိုင်ရာဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျောင်းသား/သူများအား အလှူရှင်များမှ အာဟာရမုန်များနှင့် ဖျော်ရည်များ တိုက်ကျွေးခဲ့ကြောင်းသိရပါသည်။

‎‎ရှင်ဗွေယန်(ပြန်/ဆက်)