ကမမောင်းမြို့တွင် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ  ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဘာသာရပ်ဆက်လက်ဖြေဆို

ကမမောင်း မတ် ၁၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိပြီး ယနေ့မတ်လ ၁၇ ရက်နေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဘာသာရပ်ကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိသည်။

အ.ထ.က(ကမမောင်း)စာစစ်ဌာနတွင် ဇီဝဗေဒဘာသာရပ်ကိုဖြေဆိုရန် စာရင်းရှိသူ(၁၆)ဦးရှိပြီး၊ ဖြေဆိုသူ(၁၃)ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ(၃)ဦး၊ ဘောဂ​ဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းရှိသူ (၃၄)ဦးရှိပြီး ဖြေဆိုသူ(၂၃)ဦး၊ ပျက်ကွက်သူ(၁၁)ဦးရှိပြီး (၇၂)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ဖြေဆိုနိုင်ရေးအတွက် ဖာပွန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

ကမမောင်း(ပြန်/ဆက်)