နတ်မောက် ဇွန် ၁၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက မြို့မဈေးအတွင်း/အပြင်ဘက် ကျူးကျော်၍ ဈေးရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့မဈေးအတွင်း/အပြင်ဆိုင်ခန်းရှင်များအား ကျူးကျော် တည်ခင်းရောင်းချမှုမရှိစေရေး၊ ပျံကျဈေးရောင်းချမှုများအား စည်းကမ်းနှင့်အညီ စနစ်တကျ သတ်မှတ်ထားသည့် နေရာများတွင် ရောင်းချစေရေး၊ မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ဈေးအတွင်း/အပြင် ရောင်းချနေသော ဆိုင်ခန်းရှင်များအနေဖြင့် ယင်နားနေနိုင်သည့် အစားအစာများ စနစ်တကျဖုံးအုပ်ရောင်းချရန်နှင့် မိမိတို့၏ ဆိုင်ခန်းများမှ အမှိုက်များ စနစ်တကျ စွန့်ပစ်မှုအခြေ အနေများကို တာဝန်ခံ အင်ဂျင်နီယာနှင့် ဈေးတာဝန်ခံတို့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
လှဝင်း