မိုင်းယုမြို့၌ စာဖတ်သူများသို့ စာအုပ်များငှားရမ်းပေး

မိုင်းယု ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာဖတ်သူများရှိရာသို့ စာအုပ်များသယ်ဆောင်ပြီး သုတ/ရသစာအုပ်များကို ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် ယနေ့ နံနက်ပိုင်းက စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာနှင့် ဝန်ထမ်းများက သုတ/ရသစာအုပ်များအား စာဖတ်သူများစိတ်ကြိုက် ရွေးချယ်ဖတ်ရှုနိုင်ရန် ခင်းကျင်းပြသ ပေးခြင်း၊ ငှားရမ်းဖတ်ရှုပြီးသည့် စာအုပ်များအား ပြန်လည်အပ်နှံလက်ခံခြင်းနှင့် မြို့ပြည်သူ့စာကြည့်တိုက်သို့လည်း စာအုပ်များအခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း ပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်သူများ တိုးပွားရေးအတွက် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအား စာဖတ်စာစောင်များအား ရွေ့လျား စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယု ပြန်/ဆက်