သရက်ချောင်း မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက တက်ရောက်လာသော စာဖတ်ပရိတ်သတ်များနှင့် (Book Club) အဖွဲ့ဝင်များအား စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့်ပြည်သူများ၏ စာဖတ်ရှိန်မြှင့်မားလာစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အချင်းချင်းအပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် (Book Club)အဖွဲ့ဝင်များက စာရေးဆရာမ မစန္ဒာ ရေးသားထားသော အရိပ်စာအုပ်ဖြင့် (Book Club)အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက မိမိတို့ဌာနမှ ပြုလုပ်သော အသိပညာပေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် (Book Club) အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်းနှင့် (Book Club) အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများ စာဖတ်ခြင်း အလေ့အထကောင်းများရရှိအောင် မိမိတို့ဌာနနှင့် ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်၊ စာစောင်များ ခင်းကျင်းပြသပေးခဲ့ရာ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)