မိုးကောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒနှင့်‌ဘောဂဗေဒ ဘာသာရပ်ကို အေးချမ်းစွာဖြေဆို

မိုးကောင်း မတ် ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၃)ခုဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၁၄၃)ဦးက မတ်လ(၁၇)ရက် နောက်ဆုံးနေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုကြောင်း သိရသည်။

မိုးကောင်းမြို့နယ်အတွင်း အ.ထ.က(၁)စာစစ်ဌာန၊ အထက-နမ္မတီးနှင့် အ.ထ.က-ပင်းဘောစာစစ်ဌာနတို့ဖြင့် ဇီဝဗေဒဘာသာရပ် ဖြေဆိုသူ စာရင်းရှိကျောင်းသား(၃၇၁)ဦး၊ ကျောင်းသူ(၆၅၇)ဦးအနက် ဖြေဆိုသူကျောင်းသား(၃၄၁)ဦး၊ ကျောင်းသူ(၆၃၇)ဦး၊ စုစုပေါင်း(၉၇၈)ဦးနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ စာရင်းရှိကျောင်းသား(၆၀)ဦး၊ ကျောင်းသူ(၁၁၄)ဦး စုစုပေါင်း(၁၇၄)ဦးအနက် ကျောင်းသား(၅၅)ဦး၊ ကျောင်းသူ(၁၁၀)ဦး စုစုပေါင်း(၁၆၅)ဦးဝင်ရောက် ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၄ ဒဿမ ၈၃ ရှိကြောင်းသိရသည်။

စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး စာမေးပွဲဖြေဆိုပြီးထွက်လာသူများအား ဌာနဆိုင်ရာအလှူရှင်များက မုန့်များဝေငှခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)