ကံမမြို့၊ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် အခမဲ့ကုသပေး

ကံမ ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက် (၆၀) နှင့်အထက် အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့်ကုသမှုပေးခြင်း အစီအစဉ်အဖြစ် ဆီးချို၊ သွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အမြင်အာရုံများ စစ်ဆေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခဲ့သည်။

ထိုသို့ စစ်ဆေးကုသရာတွင်  အငြိမ်းစားဝန်ထမ်းများအား  စာရင်းပေးသွင်းပြီး၊  ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာခြင်း၊  သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း၊   ECG  စစ်ဆေးခြင်း၊    အမြင်အာရုံများ   စစ်ဆေးပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေး၍ လိုအပ်သည့် ကုသမှုများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝေလင်းဗိုလ်နှင့် ကျန်းမာရေးဝန်ထမ်းများက အခမဲ့စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)