ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး

ပုသိမ် ဇွန် ၁၉

(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့်ပညာ​ရေးဒီဂရီ​ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူ (၁၀၇)ဦးတို့က (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့်စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ အုတ်စီကုန်းကျေးရွာရှိ ဧရာပုသိမ်ကုမ္ပဏီ၏ မျိုးသန့်ထုတ်လုပ်သောစိုက်ကွင်းတွင် စက်မှုလယ်ယာဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ပုသိမ်စက်မှုဇုန်မှထုတ်လုပ်သော လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ကောက်စိုက်စက်တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း အခမ်းအနားသို့တက်ရောက်ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ကြဲခင်းစနစ်များလျော့နည်းပ​ပျောက်​ရေး၊ စပါးမျိုး​စေ့ချကိရိယာများ၊ လက်စွဲ​ကောက်စိုက်စက်များအသုံးပြုစိုက်ပျိုး​ရေး၊ စက်မှုဇုန်များတွင်ဒေသ၏​ရေ​မြေနှင့်ကိုက်ညီသည့် စပါးမျိုး​စေ့ချကိရိယာများနှင့် လက်စွဲ​ကောက်စိုက်စက်များ ပိုမိုထုတ်လုပ်ဖြန့်ဖြူး​ပေးနိုင်​ရေး၊ စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် တောင်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်​ရေးတာဝန်ရှိသူများအားမှာကြားခဲ့ပြီး လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ကောက်စိုက်စက်တို့ဖြင့် မိုးစပါးစိုက်ပျိုး​နေမှုများအား လာ​ရောက်ကြည့်ရှု​လေ့လာကြသည့် တက္ကသိုလ်များမှပါမောက္ခများ၊ တွဲဖက်ပါ​မောက္ခများ၊ ဌာနဆိုင်ရာများနှင့် ​ဒေသခံ​တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် မျိုးသန့်မျိုး​စေ့များအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)