ဖျာပုံမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က အမှတ်(၁၉)ရပ်ကွက်၊ အ.လ.က(၂)ကျောင်း သဇင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်း(၃)စီမံချက် ကွင်းဆင်းဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်း (၃) စီမံချက်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက (အ.ထ.က) ပုသိမ်ကြီးကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကော့ကရိတ်မြို့၊ ပြန်လည်ထူထောင်ရေး ခရိုင်အဆင့်လုပ်ငန်း‌ကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ရာ ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို လေးမျက်နှာမြို့နယ် အမှတ် (၄) ရပ်ကွက် အ.လ.က လေးမျက်နှာကျောင်း၌ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့် တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့‌ ရွှေသူဌေးရပ်ကွက်ရှိ သိမ်တောင်ကျောင်း၊ ကျောင်းဝန်းအတွင်း၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇) နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
Subscribe to