လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့ကြသည်။

ကျိုက်လတ်၌ ပင်စင်လစာငွေများ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းကစတင်၍ ပင်စင်လစာငွေများအား ပင်စင်အမျိုးအစားအလိုက် ထုတ်ပေးလျက်ရှိသည်။

ကျိုင်းတောင်းမြို့၌ အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ မြန်မာ့စီးမွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက ၈ နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားပင်စင်ဝန်ထမ်းများမှ အေးချမ်းစွာလာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာလူငယ်သင်တန်းကျောင်း၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ဖွင့်လှစ်ထားသည့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက်က အဆိုပါကျောင်းတွင် ကျင်းပရာ လွိုင်လင်တပ်နယ်မှူး တက်ရောက်ကြောင်း သိရသည်။
Subscribe to