(၄၄)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၄၄) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ နေ့လယ် ၁၁ နာရီက မြို့မ (၂) ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။