ကျိုက်လတ်မြို့နယ်တွင် ယစ်မျိုးဆိုင်ရာ အသိပညာ‌ပေး ရှင်းလင်းပွဲ ပြုလုပ်

ကျိုက်လတ်  ဇွန်  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယစ်မျိုးဆိုင်ရာ အသိပညာ‌ပေး ရှင်းလင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ယစ်မျိုးဆိုင်ရာ ညွှန်ကြားချက်များနှင့် ပတ်သက်သည့် အချက်များ၊ ယစ်မျိုးရောင်းချရာတွင် Social Media များ၌‌ ကြော်ငြာရောင်းချခြင်း မပြု‌ရေးနှင့် ယစ်မျိုးဆိုင်ရာ လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်‌မောင်နိုင်က ယစ်မျိုးလိုင်စင် ဆိုင်များအနေဖြင့် ယစ်မျိုးလိုင်စင်အလိုက် ရောင်းချရမည့် အမျိုးအစားများ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ စည်းကမ်းချက်များနှင့် မလျော်ညီသည့် ယစ်မျိုးဆိုင်များအား အရေးယူနိုင်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့် ယစ်မျိုးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်