ပင်လုံမြို့ရုံး၌ (Book Club,Youth Club) အဖွဲ့ဝင် ကျောင်းသား/ကျောင်းသူ လူငယ်လေးများဖြင့် စာဖတ်ဝိုင်းကျင်းပ

ပင်လုံ ဇွန် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး (Community Centre) ခန်းမတွင်  စာပေချစ်မြတ်နိုးသူ (Book Club,Youth Club) အဖွဲ့ဝင် ကျောင်းသား/ကျောင်းသူလူငယ်များနှင့်ပူးပေါင်း၍ မိမ်ိကြိုက်နှစ်သက်ရာစာအုပ်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာရေးဆရာထက်ကို၏ ခေါင်းအုံးကလေး မောင်ပုလုံးစာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် စာပေချစ်မြတ်နိုးသူ ကျောင်းသားလူငယ်များအဖွဲ့ (Book Club,Youth Club)မှ အဖွဲ့ဝင်များဖြစ်သော နန်းခမ်းလောဝ်မှ မြတ်နိုးချစ်ခင် ပတ်ဝန်းကျင်စာအုပ်ဖြင့်လည်းကောင်း၊ စိုင်းဆိုင်လိန်မှ မိသားစုကမ္ဘာပျော်စရာစာအုပ်ဖြင့်လည်းကောင်း၊ စိုင်းခေးစိုင်းမှ တန်ဖိုးကိုယ်စီစာအုပ်ဖြင့်လည်းကောင်း၊ နန်းယိင်းကော်လန်းမှ ငြိမ်းချမ်းခြင်းဂေဟာစာအုပ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူမှ အကြောင်းအရာများအား ခြုံငုံသုံးသပ်ဆွေးနွေးကာ အသိပညာဗဟုသုတများကို အပြန်အလှန် မျှဝေခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)