လဲချားမြို့၌ အခွန်ဆိုင်ရာ အသိပညာ​ပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

လဲချား ဇွန် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်ရှိ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က ပြည်တွင်းအခွန်များဉီးစီးဌာ၊ လဲချားမြို့နယ်ရုံးတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အခွန်ဆိုင်ရာ အသ်ိပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဉီးစီးဌာနမှူး ဉီးစိုင်းအာကာက အခွန်ကောက်ခံရသည့် ရည်ရွယ်ချက်များ၊ အခွန်အကြောင်းသိကောင်းစရာများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အခွန်နှင့်ပတ်သက်သည့်ဉပဒေ၊ နည်းဉပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ အခွန်ထမ်းပြည်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသောပြည်သူများမှ သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လဲချား (ပြန်/ဆက်)