လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်း(၃)စီမံချက် ကွင်းဆင်းဆောင်ရွက်ပေး

ပုသိမ်ကြီး ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်း (၃) စီမံချက်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက (အ.ထ.က) ပုသိမ်ကြီးကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ မြို့နယ်ဦးစီးမှူး ဦးဋ္ဌေးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးမျိုးဇော်ခိုင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

(အ.ထ.က) ပုသိမ်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရန် ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ ''လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့'' ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်း ပန်းခင်း (၃) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)