ကော့ကရိတ်မြို့၊ ပြန်လည်ထူထောင်ရေး ခရိုင်အဆင့်လုပ်ငန်း‌ကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပ

ကော့ကရိတ် ဇွန် ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ရာ ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်အဆင့်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်အဆင့် အတွင်းရေးမှူး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအတွက် သောက်သုံးရေရရှိရေး၊ မြို့တွင်းသန့်ရှင်းသာယာလှပရေး လုပ်ငန်းစဉ်နှင့် လျှပ်စစ်မီးကြိုးများ‌ ဆောင်ရွက်ပြီးစီးမှု အ‌ခြေအနေများကို တင်ပြခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့်ပတ်သက်၍ တက်ရောက်လာကြသည့် သက်ဆိုင်ရာကော်မတီအဖွဲ့များနှင့် ဌာနအသီးသီးက ဆောင်ရွက်ထားမှု အခြေအနေများအား တင်ပြခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)