လေးမျက်နှာမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

လေးမျက်နှာ ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို လေးမျက်နှာမြို့နယ် အမှတ် (၄) ရပ်ကွက် အ.လ.က လေးမျက်နှာကျောင်း၌ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့် တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်မှ မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ‌ဒေါ် ချောစုခိုင်၊ မြို့နယ်စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးသိန်းထိုက်မှ မြို့နယ်မီးသက်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးတင့်ဆွေမှ မြို့နယ်စည်ပင်အမှု‌ဆောင်အရာရှိ၊ မြို့နယ်သစ်တောဦးစီးအရာရှိမှ မြို့နယ်ကြက်ခြေနီဒုတပ်ဖွဲ့မှူး ဦးကျော်ဝင်းတင့်သို့ ပျိူးပင်များ ဖြန့်ဝေပေးခဲ့ပြီး သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် စိန်ပန်း(၁၀)ပင်၊ ဗန်ဒါ(၁၀)ပင်၊ ကန့်ကော်(၃၀)ပင်၊ ခရေ(၃၀)ပင်၊ ကျွန်း(၅၀)ပင်၊ မဟော်ဂနီ(၁၆၀)ပင်၊ မန်ဂျန်ရှား(၂၀၀)ပင်၊ ပျဉ်းကတိုး(၃၀)ပင် စိုက်ပျိူးခြင်း ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိူးပွဲသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ၊ ဆရာဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၂၇)ဦးတို့မှ ပူးပေါင်းပါဝင် စိုက်ပျိူးခဲ့ကြသည်။ 

မြို့နယ်(ပြန်/ဆက်)