ညောင်ဦးမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အရိပ်ရသစ်ပင်များ စိုက်ပျိုး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝဘေးအန္တရာယ်ဒဏ်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ညောင်ဦးမြို့နယ်၊ ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးဆောင်ကာ ယနေ့နံနက် ၇ နာရီအချိန်က ညောင်ဦးခရိုင် စားသုံးသူရေးဦးစီးဌာန၊ ရုံးဝင်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ကြောင်း သိရသည်။