မင်းတုန်းမြို့နယ်တွင် သစ်ပင်များစိုက်ပျိုးရန် ပျိုးပင်(၂၈၂၆၅)ပင် ပျိုးထောင်ထားရှိ
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၌ ၂၀၂၄ခုနှစ် မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးရန် ငလှိုင်စမ်းရွာရှိ သစ်တောဦးစီးဌာန အမြဲတမ်းပျိုးဥယျာဉ်တွင် ပိတောက်၊ ပျဉ်းကတိုး၊ တမာ၊ ခရေ၊ စန္ဒကူး၊ ရေတမာ၊ ဖျောက်ဆိပ်၊ ကံ့ကော်၊ မယ်ဇယ်၊ ယင်းမာ၊ ငုရွှေဝါ၊ သင်းဝင်နှင့် စိန်ပန်းကြီး စုစုပေါင်းပျိုးပင် (၂၈၂၆၅)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။