မြစ်သားမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မြစ်သား ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့‌ ရွှေသူဌေးရပ်ကွက်ရှိ သိမ်တောင်ကျောင်း၊ ကျောင်းဝန်းအတွင်း၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇) နာရီခွဲ အချိန်က ကျင်းပခဲ့သည်။

သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု မျှတမှုရှိစေရေး၊ အရိပ်ရအပင်များ ရရှိစေရေး၊ ကျောင်းဝန်းအတွင်း စိမ်းလန်းသာယာလှပရေးနှင့် သစ်တောသစ်ပင် မပြုန်းတီးစေရန် ရည်ရွယ်၍ ကျွန်းပင်၊ မယ်ဇလီပင်၊ စိန်ပန်းပင်၊ အော်ရီရှားပင်၊ ခရေပင်၊ မကျည်းပင်၊ တမာပင် စုစုပေါင်း အရိပ်ရပင် (၃၀၀) ပင် စိုက်ပျိုးခဲ့သည်။

အဆိုပါ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်‌ (၁) ဗိုလ်မှူး မြတ်သီဟမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌ဌေးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်‌ (၃) ဦးရွှေအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မိုးလွင်နှင့် ဝန်ထမ်းများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၃၃၀) ဦး တက်‌ရောက်ခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)