ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်၍ လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)လမ်းမအနီး၊ ထောင်တလုတ်ပိုင်၊ ဘဲတန်းတံတား၊ မအူချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။