မိုင်းရယ်မြို့၌ နွေရာသီ အင်္ဂလိပ်စာနှင့် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသည့် နွေရာသီအင်္ဂလိပ်စာနှင့်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်း‌အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကာယ၊ ဗလ၊ ဥာဏ၊ စာရိတ္တနှင့် မိတ္တဟူသော ဗလငါးတန်နှင့် ပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Essay and Letter ရေးနည်းသင်တန်းဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာရေးသားရာတွင် ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် Essay and Letter ရေးနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၆ ရက်နေ့‌ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်း‌ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ထောပတ်ပဲဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ထောပတ်ပဲဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုင်းကိုင်မြို့နယ်၌ တတိယအကြိမ်မြောက်၊ ပရိယတ္တိနွေရာသီသင်တန်း Summer School ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌  ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားစေရန်၊ ပရိယတ္တိစာပေတတ်မြောက်သည့် ရဟန်း/ရှင်သာမဏေများနှင့် စာပြပုဂ္ဂိုလ်များ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ တတိယအကြိမ်မြောက်၊ ပရိယတ္တိနွေရာသီသင်တန်း(Summer School)ဖွင့်ပွဲအခမ်းအနား ကို   ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ  မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ  ဆရာတော်သံဃာတော်များ၊ ဒေသတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်ကြားရေးဆရာဆရာမများနှင့် သင်တန်းသားရဟန်း၊ ရှင်သာမဏေများ တက်ရောက်ခဲ့ကြသည်။

မူဆယ်မြို့ လွယ်တိန်ခမ်း ဘိုးဘွားရိပ်သာတွင် မိုးကုတ်ဝိပဿနာတရားစခန်း ဖွင့်လှစ်မည်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်ပေါ်ရှိ ဘိုးဘွားရိပ်သာတွင် ၂၀၂၆ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်း မိုးကုတ်ဝိပဿနာ ၆ ရက်တာ တရားစခန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

မင်းဘူးမြို့၌(၁၃၈၇) ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ (၁၃၈၇) ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်းစီမံကိန်းလုပ်ငန်း ပန္နက်တင်မင်္ဂလာအခမ်းအနား တက်ရောက်

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်စိန်မြင့်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့ရှောင်လမ်းပေါ်တွင် တည်ဆောက်မည့် ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်းစီမံကိန်းလုပ်ငန်း ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သည့် “အန္တရာယ်ဖြစ်နိုင်‌ခြေ သတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်း”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ဘုရားစေတီဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

‌နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်တိုင်းသာသနာရေးမှူး ဦးထွန်းမြင့်အောင်၊ ပျဉ်းမနားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်အတွင်းရှိ ဘုရားစေတီဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to