မိုင်းရယ် မတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသည့် နွေရာသီအင်္ဂလိပ်စာနှင့်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးစိုးမင်း အောင်က အဖွင့်အမှာစကားပြောကြားပြီး မြိုနယ်ပညာရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် စည်းမျဉ်း စည်းကမ်းများကို ပြောကြားသည်။
ထိုနောက် သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်နှင့် ဘောပင်များ ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်ထားသည့် အဆင့်အလိုက် အင်္ဂလိပ်စာနှင့် ယဉ်ကျေးလိမ္မာသင်တန်းတို့ကို တက်ရောက်သင်ကြားခဲ့ကြသည်။
အဆိုပါ နွေရာသီအင်္ဂလိပ်စာနှင့်ယဉ်ကျေးလိမ္မာသင်တန်းတွင် အခြေခံပညာအထက်တန်းအဆင့်အနေဖြင့် အင်္ဂလိပ်စာသင်တန်းကိုလည်းကောင်း၊ အခြေခံပညာမူလတန်းအဆင့်အနေဖြင့် ယဉ်ကျေးလိမ္မာသင်တန်းကိုလည်းကောင်း မတ်လ ၁၈ မှစ၍ ၃၁ ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၈၅) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)