ကွမ်းခြံကုန်းမြို့နယ်၌ ကျေးလက်စီးပွားမြှင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြှင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းကို မတ် ၁၇ ရက်နေ့က ဒရယ်လူးကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မလိခ ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၅)ထပ်ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ်ဖွင့်ပွဲနှင့် တတိယအကြိမ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များအားကြိုဆို

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သည့် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ မလိခဝန်ထမ်းအိမ်ရာဝင်းအတွင်း (၄)ခန်း တွဲ (၅)ထပ် အဆောက်အအုံသစ်အား ယနေ့ နံနက်ပိုင်းက ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမျူး ဗိုလ်ချုပ်အောင်ဇော်ထွေးတို့ တက်ရောက်ခဲ့ကြသည်။

အိမ်မဲမြို့တွင် နွေရာသီအားကစားအခြေခံသင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အားကစားခန်းမတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်နွေရာသီ အားကစားအခြေခံ သင်တန်းများ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီတွင်ကျင်းပသည်။

သန်လျင်မြို့ ကလေးစာဖတ်ခန်း၌ ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ နွေရာသီကျောင်းပိတ်ရက်ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ဒဂုံမြို့နယ်တွင် စုံ/မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် မတ် ၁၇ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က စုံ/မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဒဂုံမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရလမ်းရှိ မြဝတီစက်သုံးဆီအရောင်းဆိုင်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က စက်သုံးဆီများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centreခန်းမ ၌ ကွန်ပျူတာသင်တန်းနှင့်ပန်းချီသင်တန်းများ(အခမဲ့) ဖွင့်လှစ်သင်ကြား

လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centreခန်းမ ၌ ကွန်ပျူတာသင်တန်းနှင့်ပန်းချီသင်တန်းများ(အခမဲ့) ဖွင့်လှစ်သင်ကြား ဗဟန်း မတ် ၆ သင်းသင်းစိုး(ခရိုင်ပြန်ဆက်)

‎မဟာအောင်မြေမြို့နယ်၌ မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ပါက ဆက်သွယ်ရန် အရေးပေါ်ဖုန်းနံပါတ်များ စိုက်ထူခြင်း အခမ်းအနားကျင်းပ

‎မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊သံလျက်မော်အရှေ့ ရပ်ကွက်အတွင်း လူစည်းကားရာနေရာများ၌ မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ပါက ဆက်သွယ်ရန် အရေးပေါ်ဖုန်းနံပါတ်များ စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Subscribe to