မူဆယ် မတ် ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်ပေါ်ရှိ ဘိုးဘွားရိပ်သာတွင် ၂၀၂၆ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်း မိုးကုတ်ဝိပဿနာ ၆ ရက်တာ တရားစခန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မူဆယ်မြို့၊ နမ့်ခွမ်ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တဝါယမ BA(သီတဂူ)၊ MA(သီရိလင်္ကာ) ဆရာတော်မှ ဦးဆောင်၍ မူဆယ်မြို့၊ လွယ်တိန်ခမ်းဘိုးဘွားရိပ်သာ ဓမ္မာရုံတွင် ၂၀၂၆ ခုနှစ်၊ မဟာသင်္ကြန်ကာလ ၁၁-၄-၂၀၂၆ ရက်နေ့မှ ၁၆-၄-၂၀၂၆ ရက်နေ့အထိ ၆ ရက်တာဖွင့်လှစ်မည့် ဒုတိယအကြိမ်မြောက် မိုးကုတ်ဝိပဿနာ နေ့ပိုင်းတရားစခန်းကို ယောဂီ ၁၀၀ ဦးဖြင့် ဖွင့်လှစ်၍ တရားဓမ္မများကို သင်ကြားပေးမည်ဖြစ်ပြီး၊ တရားစခန်းသို့ ဝင်ရောက်မည့် ရပ်ဝေးရပ်နီးမှ ယောဂီများအနေဖြင့် မတ်လ ၂၀ ရက်နေ့မှစ၍ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)