ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Essay and Letter ရေးနည်းသင်တန်းဖွင့်လှစ်

ပြင်ဦးလွင် မတ် ၁

ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာရေးသားရာတွင် ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် Essay and Letter ရေးနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၆ ရက်နေ့‌ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်း‌ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် သင်တန်းနည်းပြအဖြစ် ဆရာမ ဒေါ်မို့မို့က Essay Letter‌ ရေးသားပုံ၊ ရေးသားနည်းများ၊ အင်္ဂလိပ်သဒ္ဒါ‌ ထားသိုပုံနည်းများကိုသင်ကြားပို့ချသွားမည်ဖြစ်သည်။ အဆိုပါ Essay and Letterရေးနည်းသင်တန်းအား ပြင်ဦးလွင်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၇ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ၁၆.၃.၂၀၂၆ရက်နေ့မှ ၂၀.၃.၂၀၂၆ ရက်နေ့အထိ ငါးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)