ရွှေပြည်သာမြို့နယ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေပြည်သာ ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲအခမ်းအနားတွင် ရွှေပြည်သာမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး မောင်မောင်ဇော်မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများ အန္တရာယ်အားကြိုတင်ကာကွယ်နိုင်စေရန် ကျောင်းသား/သူများအား အသိပညာ ပြောဟောပြောခဲ့ပြီး ကျောင်းသား/သူများက သိရှိလိုသည်များကို‌ မေးမြန်းရာပြန်လည်‌ ဖြေကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မောင်မောင်ဇော်၊ ဒုမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးဆန်း၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူ (၃၂၀) ဦးတက်ရောက်ကြကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)