မင်းဘူး(စကု)မြို့နယ်၌ မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ တောင်သူပညာပေး မျိုးသန့်ပွား စံပြကွက်နှင့် စမ်းသပ်ကွက် ၆၆ ဧက စိုက်ပျိုးထားရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်စိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တစ်ဧကအထွက်နှုန်း တိုးတက်ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကိုအခြေခံ၍ စိုက်ပျိုးနည်းပညာပေး မျိုးသန့်ပွားလုပ်ငန်းအဖြစ် သီးနှံစုံစံပြကွက်နှင့် စမ်းသပ်ကွက် စိုက်ဧကပေါင်း ၆၆ ဧကကို တောင်သူပညာပေး စိုက်ပျိုးထားရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။