မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ ပထမအကြိမ် စုပေါင်းသွေးလှူဒါန်း

နေပြည်တော် ဇူလိုင် ၃

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်သီတာဇင်၊ ဥက္ကဋ္ဌဒေါ်နုနုဆွေ၊ အတွင်းရေးမှူးဒေါ်ဖြူဖြူမြင့်နှင့် အဖွဲ့ဝင်များမှဦးစီး၍ ပထမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

 အဆိုပါ စုပေါင်းသွေးလှူဒါန်းရာတွင် အမျိုးသမီးရေးရာအဖွဲ့ဝင် ၃၉ ဦးမှ သွေးလှူဒါန်းခဲ့ကြရာ နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်နုနုဆွေ ထံဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့်တာဝန်ရှိသူများက သွေးလှူဒါန်းသည့် အမျိုးသမီးရေးရာအဖွဲ့ဝင်များအား ကြက်ဥ၊ အားဖြည့်အချိုရည်နှင့် အာဟာရဖြစ်အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)