သင်္ဃန်းကျွန်း ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၄) ကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က အဖွင့်အမှာစကားပြောကြားရာ မိမိတို့ဌာနများ၏ လမ်းညွှန်မှာကြားချက်များနှင့်ပတ်သက်၍ အခက်အခဲများရှိပါက ဆွေးနွေးပေါင်းစပ်ကြစေချင်ကြောင်း၊ ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ရတာဖြစ်ကြောင်း၊ အထက်ဌာနအဆင့်ဆင့်၏ လမ်းညွှန်မှာကြားချက်များကို လိုက်နာရန်လိုကြောင်း၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စိစစ်ဖို့လိုကြောင်း၊ ပညာရေးမူဝါဒနဲ့ကိုက်ညီဖို့လိုကြောင်း၊ လောင်းကစားဂိမ်းများ၊ ကလေးကစားကွင်းများနှင့်ပတ်သက်၍ အဖွဲ့များဖွဲ့ထားခြင်းဖြစ်သည့်အတွက် ကွင်းဆင်းစစ်ဆေးရန်လိုကြောင်း၊ စင်တင်တေးဂီတလုပ်ငန်းများနှင့်ပတ်သက်၍ နာမည်ကြီးအဆိုတော်များပါဝင်ပါက ပွဲမိန့်တောင်းခံပြီးမှဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စစ်ဆေးရန်လိုကြောင်း၊ CCTV မတပ်ဆင်ရသေးပါက တပ်ဆင်ပြီးမှသာ လိုင်စင်ထုတ်ပေးရန်လိုကြောင်း၊ ဂီတအစည်းအရုံးနှင့်ပတ်သက်၍လည်း ပေါင်းစပ်ဆောင်ရွက်ပေးဖို့လိုကြောင်း၊ ကျောင်းများနှင့်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အရေးကြီးကြောင်း၊ ရာသီအလိုက်ဖြစ်တတ်သည့် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အာဇာနည်နေ့အခမ်းအနားကျင်းပဆောင်ရွက်ရေး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ရှားမှု အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားဆွေးနွေးခဲ့ပါသည်။
ထို့နောက် သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)က ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေးကိစ္စရပ်များ၊ အဖွဲ့ဝင်(၂)က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အဖွဲ့ဝင်(၃)မှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်နေမှုလုပ်ငန်းများအား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား တင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သိန်းအောင် (ပြန်/ဆက်)