အမရပူရ ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သမဝါယမဦးစီးဌာနက လာမည့်ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမရပူရမြို့နယ်ရှိ ရှေ့ဆောင်ငွေစုငွေချေး သမဝါယမအသင်းသားများအား ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်သမဝါယမရုံး၌ ဆန်များထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်က အသင်းသားများအား ထောက်ပံ့ပေးရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အသင်းသား၊ အသင်းသူများ သက်သာချောင်ချိရေးအတွက် တစ်ဦးလျှင် ဆန် ၄ ပြည်၊ ၃ ဘူး နှုန်းဖြင့် အသင်းသား၊ အသင်းသူ ၁၇ ဦး၊ စုစုပေါင်းတန်ဘိုးငွေကျပ် ၃၁၅၀၀၀ ကို ထောက်ပံ့ပေးနိုင်ခဲ့ ကြောင်း သိရသည်။
စိုးသီဟ(အမရ)