ဇလွန် ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြည်သူများ သဘာဝဘေး (ရေဘေး)အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် သဘာဝဘေး(ရေဘေး) အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
သဘာဝဘေး(ရေဘေး)အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက သဘာဝဘေး (ရေဘေး) အန္တရာယ် ကြိုတင်ကာကွယ်ရမည့် အကြောင်းအရာများ ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အကြောင်းအရာများ၊ လိုက်နာရမည့် အချက်များ၊ ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ရှောင်ရှားသင့်သည့် အကြောင်းအရာများ၊ ပြုလုပ်ရမည့် အကြောင်းအရာများကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီ အဖွဲ့ဝင်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ကော်မတီအဖွဲ့ဝင်များ၏ တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဝေယံ(ပြန် /ဆက်)