ကြံခင်း ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခေတ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွှေပန်းတောအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက ရွှေပန်းတောအုက်စုရှိ နေအိမ်များ၊ စာသင်ကျောင်းများ ရှိ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်း၊ ပိုးလောက်လန်းများ မပေါက်ဖွားစေရန် အသုံးပြုနေသည့် ရေတွင်း၊ ရေကန်များ၊ ဘုရားပန်အိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ်များစစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)