ကျောက်ဆည်တက္ကသိုလ်၌ တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာ ဟောပြောပွဲအခမ်းအနားကျင်းပ

စဉ့်ကိုင် ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အမှတ်(၂) တက္ကသိုလ် လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့‌မွန်းလွဲ ၁ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပခဲ့ရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနီနီယဉ်နှင့် ပါမောက္ခများ၊ ပါမောက္ခဌာနမှူးများ၊ နည်းပြ/သရုပ်ပြ ဆရာ/မများ၊ အမှတ်(၂)တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ တပ်မှူးဗိုလ်ကြီး ဟန်ဝင်းဇင်၊ တပ်ဖွဲ့ဝင်အရာရှိ ဗိုလ်ကြီးတင့်ဝေနှင့် တာဝန်ရှိသူများ၊ နေ့သင်တန်း ကျောင်းသား/သူများ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

‌ဦးစွာဟောပြောပွဲတွင် ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာ ရီရီဦးမှ အဖွင့်အမှာစကား‌ပြောကြားပြီး ဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တပ်မှူးဗိုလ်ကြီး ဟန်ဝင်းဇင်မှ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းနှင့် တက္ကသိုလ်လေ့ကျင့်ရေးတပ်၏ သဘောတရားများ၊ ရည်ရွယ်ချက်များ၊ ဝင်ခွင့်အရည်အချင်းများ၊ တပ်ဖွဲ့ဝင်တစ်ဦး ရရှိနိုင်သည့် အကျိုးကျေးဇူးများ‌အကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တပ်ဖွဲ့ဝင်အရာရှိ ဗိုလ်ကြီးတင့်ဝေမှ တက္ကသိုလ် လေ့ကျင့်ရေးတပ်၊ သင်တန်းအတွေ့အကြုံများနှင့် ပတ်သက်သည့် အကြောင်းအရာများ စသည့်အ‌ကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)