လဲချား ဇူလိုင် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/ ကျောင်းသူများ ပညာသင်ယူနိုင်မည့်အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်မြမြစန်းက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းသန်းစိန်က (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/ ကျောင်းသူများ ပညာသင်ယူနိုင်မည့်ရေဆင်းစိုက်ပျိုးရေး၊ စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမျိုးလှိုင်ဝင်းက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ငါးလုပ်ငန်းသိပ္ပံစသည့် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)