ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

ညောင်ဦး ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာခြင်းကြောင့် မြစ်ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်မှ နေအိမ်အချို့အား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေးဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပေးထားခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအား ယနေ့နံနက် ၈ နာရီအချိန်က ရေဘေးရှောင်စခန်းများတွင် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်ချိန် မြေနိမ့်ပိုင်းရပ်ကွက်များမှ နေအိမ်အချို့နှင့် မြစ်ကမ်းဘေးနေအိမ်အချို့ မြစ်ရေဝင်ရောက်မှုများရှိကာ ရေဘေးကယ်ဆယ်ရေးစခန်းများ ယာယီဖွင့်လှစ်ပေးထားလျက်ရှိကြောင်း အမှတ်(၇)၊ ဝက်ကြီးအင်းရပ်ကွက်အတွင်းရှိ မြသိန်းတန်ဘုရားကြီးတွင်လည်းကောင်း၊ သီလရင်စုရပ်ရှိ မြသိန်းတန်ဘုရား ဓမ္မာရုံတွင်လည်းကောင်း၊ ဆယ်ဆင်မေဓမ္မရုံတွင်လည်းကောင်း ရေဘေးကယ်ဆယ်ရေးယာယီစခန်း ဖွင့်လှစ်ထားရှိလျက်ရှိရာ အိမ်ထောင်စု (၇၂) စု၊ လူဦးရေစုစုပေါင်း (၂၉၇) ဦးတို့ ယာယီဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလုံလျက်ရှိပြီး ရေဘေးရှောင်ပြည်သူများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များက ခေါက်ဆွဲခြောက်၊ ရေသန့်၊ Hand Gel၊ အိမ်သုံးဆေးဝါးများ၊ ထောက်ပံ့ပေးအပ်ခြင်းနှင့် ညောင်ဦးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာ(၇)ရက်စာအတွက် (၆၂၃၇၀၀) ကျပ်အား ရေဘေးခိုလှုံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်းနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆေးခန်းများ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်တာဝန်ရှိသူများမှ ရေဘေးခိုလုံပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း