ဆီဆိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဆီဆိုင်  ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ပင်စုံကျေးရွာအုပ်စု၊ ကောင်းမှုဗ္ဗာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က "လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်အသိပညာဗဟုသုတ၊ လူငယ်နှင့်စာရိတ္တ" ခေါင်းစဉ်များဖြင့် ဟောပြောပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက "လူငယ်နှင့်အားကစားလှုပ်ရှားမှု" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ  အားကစားမှူး ဦးဇော်ထွန်းက ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။     

သူရ(ဆီဆိုင်)