ထန်ပါခွေ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်မြေပြိုခြင်း၊ ရေမြောင်းပိတ်ဆို့ခြင်းများဖြစ်ပေါ်ကာ မြို့ပေါ်နေ ပြည်သူများ သွားလာရခက်ခဲခြင်းကြောင့် မြို့အဆင့်ဌာနဆိုင်ရာ၀န်ထမ်းများစုပေါင်း၍ ဒေသခံပြည်သူများ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်စေရန် ရေလွှဲမြောင်းတူးဖော်ခြင်း၊ မြေပြိုသည့်နေရာအားရှင်းလင်းခြင်း၊ ရေလွှဲမြောင်းတံတားများတည်ဆောက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှ စတင်ကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ထန်ပါခွေတပ်စခန်းမှ အရာရှိ၊ စစ်သည်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများစုပေါင်း၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အလန် (ထန်ပါခွေ)