ခိုလမ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာမူလတန်း (၂၉) မိုင်ကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဒုတိယဦးစီးမှူး)ဦးလွှမ်းသူနောင်မှ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/သူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်၊ မမေ့လျော့စေရန်နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် (စာကြည့်တိုက်လက်ထောက်-၃) ဒေါ်ဝေဝေအောင်မှ အာဇာနည်စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု၊ အာဇာနည်ကိုးဦးတို့၏ အထ္တုပတ္တိအကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/သူများအား အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)