ညောင်ရွှေ ဇူလိုင် ၁၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူခြင်း လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ မြို့အဝင်၌ပြုလုပ်ခဲ့သည်။
အဆိုပါ လူထုအသိပညာပေး ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမြင့်နိုင်ဦး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးအောင်ဆန်းဝင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများကဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ