ကြို့ပင်ကောက် ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက ကျောင်းကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့ သွားရာက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ စက္ကူပြဇာတ်ဖြင့် ပုံပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် အကျင့်စာရိတ္တကောင်းမွန် စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းလေးက (၇၇) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သိကောင်းစရာများကို ဟောပြောဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်တင်တင်ဝင်းက စက္ကူပြဇာတ်ပြသခြင်းနှင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပြီး အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း