ဟင်္သာတ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စုသို့ ယမန်နေ့မွန်းလွဲပိုင်းက ရောက်ရှိ၍ အိပ်ပျက်ကျေးရွာအုပ်စုရှိ တာငုတ်၊ ငှက်ပျောတော၊ အုန်းတော၊ ဖောင်ဆိပ် ကျေးရွာများရှိ ကျေးရွာနေပြည်သူများမှ နေအိမ်များ ရေဘေးလွတ်ရာ သတ်မှတ်ထားသည့် ကိုင်းချောင်းကျေးရွာအုပ်စုရှိ လယ်မြေဧရိယာ(၁၉)ဧကနှင့် ပျဥ်းမချောင်းရပ်ကွက်ရှိ လယ်မြေ ဧရိယာ(၆.၅)ဧကများသို့ ပြောင်းရွှေ့ထားရှိမှု အခြေအနေများ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုအပေါ် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခြင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အသင့်ဆောင်ရွက်နိုင်ရေးအတွက် အသင့်စုဆောင်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရေးမှာကြားခြင်း၊ ဖောင်ဆိပ်ကျေးရွာရှိ မြစ်ကမ်းပါးပြိုကျသည့်မြေပြင်အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ထားသော (130'x30') RC (၂)ထပ် School Cum Shelter နှင့် ဖောင်ဆိပ်ကျေးရွာ စာသင်ကျောင်းတို့အား မြစ်ကမ်းပါးနှင့် နီးစပ်နေပြီဖြစ်၍ ဖျက်သိမ်းခွင့် တင်ပြဆောင်ရွက်ကာ ဘေးလွတ်ရာသို့ အမြန်ဖျက်သိမ်း ပြောင်းရွှေ့နိုင်ရေး မှာကြားဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပြီး ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးမှသဘာဝဘေးဖြစ်ပေါ်လာပါက ယခုလက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား တင်ပြရှင်းလင်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)