ကမာရွတ်မြို့နယ် ​ဇင်​ယော်ကိုယ်ပိုင်အထက်တန်း​ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ရန်ကုန် ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သော အားကစားနှင့်လူငယ်​ရေးရာအသိပညာပေးဟောပြောနှင့် သရုပ်ပြပွဲကို ယမန်နေ့ည​နေ (၃) အချိန်က ​ဇင်​ယော်ကိုယ်ပိုင်အထက်တန်း​ကျောင်း အင်းကြင်းမြိုင်ခန်းမ၌ ကျင်းပခဲ့သည်။

​ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကောင်းမြင့်သူမှ အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူငယ်​ရေးရာ​ကော်မတီဝင် နည်းပညာအကြံ​ပေး လူငယ်ကိုယ်စားလှယ်ဦး​ဌေးလင်းမှ လူငယ်​ရေးရာအကြောင်း ​ဟော​ပြောခြင်း၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် (၂) မှ လူငယ်နှင့်စိတ်ခွန်အားအကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီး ​ကျောင်းအုပ်ဆရာမကြီးမှ​ ကျေးဇူးတင်စကား​ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး Fitness Dance အဖွဲ့မှ သရုပ်ပြခြင်းနှင့် ဝူရူးအဖွဲ့မှ သရုပ်ဖော်ပြသခြင်းများ ဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များမှ ဇင်ယော်ကိုယ်ပိုင်အထက်တန်း​ကျောင်းသို့ အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့်ကာပညာဦးစီးဌာနမှ ၀န်ထမ်းများ ဇင်​ယော်ကိုယ်ပိုင်အထက်တန်း​ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၄၅၀) ဦး တက်ရောက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ၊ ရသ စာအုပ်၊ စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)