မိုးနဲမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲကျင်းပ

မိုးနဲ ဇူလိုင် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝင်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြသည်။

စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေ၏ ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများပူးပေါင်းကာ စာကြည့်တိုက်လုပ်ငန်းများပိုမိုတွင် ကျယ်လာစေရန်၊ စာပေချစ်မြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံပြီး၊ ပို၍ လိမ္မာရေးခြားရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများပါရရှိစေရန်၊ နေ့ကြီးရက်ကြီးများနှင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများကို ပြန်လည်အမှတ်ရနေစေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြတ်လာစေရန်၊ အတွေးအခေါ်ကောင်းများ ရင့်သန်လာစေရန်နှင့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ဗဟုသုတရရှိစေမည် သုတ၊ ရသ စာအုပ်များကို ပြသခဲ့ရာ စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်ရှိ လွတ်လပ်ရေးရရှိအောင် သက်စွန့်ကြိုးပမ်းခဲ့ကြသည့် အာဇာနည်()ဦး၏ အတ္ထုပ္ပတ္တိများပါရှိသည့် နံရံကပ်စာစောင်ကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)