တိုက်ကြီးမြို့နယ်၌ ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းလီမိတက်အစည်းအဝေး ကျင်းပ

တိုက်ကြီး ဇူလိုင် ၁၆

တိုက်ကြီးမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင်လ ၁၄ ရက် နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)၊ အနော်ရထာခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် သဘာဝတိဖြစ်သူ ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအုန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် အသင်းအလုပ်အမှုဆောင်အဖွဲ့၏ အစီအရင်ခံစာနှင့် အသင်းစာရင်းစစ်အစီရင်ခံစာတို့ကို အမှုဆောင်ဦးစန်းလွင်ကဖတ်ကြား၍ အသင်းသားများ၏ အတည်ပြုချက်ကိုရယူခဲ့ပြီး အသင်းသား (၁၉၂၁) ဦး၏ အကျိုးခွဲဝေစုတန်ဖိုး (၁၇၂၈၉၀၀၀/-) ကျပ်ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)