ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့ရှိ ငွေကြွယ် မုန့်မျိုးစုံထုတ်လုပ်သည့် MSME လုပ်ငန်းအားကြည့်ရှုစစ်ဆေး

ကြို့ပင်ကောက် ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့ ဈေးချိုတောင်ရပ်ကွက် ကသဲတန်းလမ်းရှိ ငွေကြွယ်မုန့်မျိုးစုံထုတ်လုပ်သည့် MSME လုပ်ငန်းအား ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက စားသောက်ကုန်များဖြစ်သည့်အတွက် စားသုံးသူများဘေးကင်း လုံခြုံရေးအား အထူးအလေးထားရန် ထုတ်ပိုးမှုစနစ်အား ပြုပြင်ဆောင်ရွက်သွားရန်နှင့် အစားအသောက်နှင့် ဆေးဝါကွတ်ကဲရေးဦးစီးဌာန၏ FDA ထောက်ခံချက်ရရှိရေး ဆောင်ရွက်သွားရန်တို့အား မှာကြားခဲ့ကြောင်း သိရသည်။

ငွေကြွယ်မုန့်မျိုးစုံထုတ်လုပ်သည့် MSME လုပ်ငန်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများရယူ၍ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ထားခြင်းကြောင့် လုပ်ငန်းတွင်လိုအပ်သော အဆင့်မြင့် စက်ပစ္စည်းများဝယ်ယူဖြည့်တင်းနိုင်ကြောင်း ထုတ်ကုန်များတို့မြှင့် ထုတ်လုပ်လျက်ရှိ ကြောင်း ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်များအား သက်ဆိုင်ရာဌာနဆိုင်ရာများမှတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)