ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ Bakeryအမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ရန်ကုန် ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းကို ယမန်နေ့က မြောက်ဥက္ကလာပမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် ဖွင့်လှစ်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ ဦးဇော်ဝင်းက အသေးစား၊ အငယ်စား၊ စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေး၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်း၏အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန်လိုအပ်သော စက်ပစ္စည်းများနှင့်ကုန်ကြမ်းများ ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း ကြိုးစားဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။
အဆိုပါသင်တန်းတွင် Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာများကို (၇)ရက်ကြာစာတွေ့(၃၀)ရာခိုင်နှုန်းနှင့် လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့သင်တန်းသား၊ သင်တန်းသူ(၁၅)ဦး တက်ရောက်‌ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)