ဇလွန် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏အကျိုးတော်ဆောင်ဂေါပကအဖွဲ့နှင့် အလှူရှင်များ၏ (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ အကျိုးတော်ဆောင် ဂေါပကအဖွဲ့နှင့် အလှူရှင်များက ဘုရားကြီးအမှူးထား၍ သြဝါဒါစရိယ ဆရာတော်များ၊ ပင့်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး နာယကဘဒ္ဒန္တဝိသာရဒ လယ်ဦးကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ အကျိုးတော်ဆောင် ဂေါပကအဖွဲ့နှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး နာယကဘဒ္ဒန္တဝိသာရဒ လယ်ဦးကျောင်းဆရာတော်က အနုမောဒနာတရားချီးမြှင့်၍ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်ချ အမျှအတန်းပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
ဝေယံ -ဇလွန် (ပြန် / ဆက်)